ယနေ့ COVID-19 အတည်ပြုလူနာ (၆၂)ဦး ဖြစ်သွားပါပြီ။
ပြည်ပခရီးသွားရာဇ၀င်မရှိဘဲ ကူးစက်ပြန့်ပွါးခြင်းပါ။
ဒီရောဂါအတွက် တိကျသေချာတဲ့ ကုသဆေးလည်း မရှိသေးပါဘူး။
ကာကွယ်ဆေးလည်း မပေါ်သေးပါ။
ကိုယ်ခံအားစနစ်ဖြင့် တိုက်ထုတ်ရတဲ့ရောဂါပါ။
ဒါကြောင့် မိမိအိမ်မှာသာနေထိုင်ပြီး ၊ မိမိကိုယ်ကိုကာကွယ်ပါ။ လက်ကို မကြာမကြာဆေးပေးပါ။
လူများတဲ့နေရာများကို ရှောင်ကျဉ်ပါ။
သင့်တွင် ကိုယ်အပူချိန်မြင့်တက်ခြင်း ၊ချောင်းဆိုးခြင်း အပြင်
အသက်ရှူရန်ခက်ခဲခြင်းများကိုခံစားရပါက
စောစီးစွာ ဆေးကုသမှုခံယူနိုင်ရန် သက်ဆိုင်ရာ ကျန်းမာရေးဌာန ၊ ပြည်သူ့ဆေးရုံများသို့ ဆက်သွယ်ပါရန်။